လယ်ယာစိုက်ပျိုးရေး နှင့် သီးနှံကာကွယ်ရေး

ပရိုးလ် ၃၃၀ အီးစီ

ပရိုးလ် ၃၃၀ အီးစီ (Prowl® 330 EC) ပေါင်းသတ်ဆေးတွင် ပန်ဒီမီသလင်း ၃၃% (Pendimethalin 33%) ပါဝင်ပြီးပေါင်းမြက်များကို အညွန့်ထိပ်ပိုင်းကြီးထွားမှု နှင့် အမြစ်ထိပ်ပိုင်းကြီးထွားမှုကို ဟန့်တားခြင်းဖြင့်ပေါင်းပင်များကိုသေဆုံးစေပါသည်။ အထူးသဖြင့် မြက်မျိုးရင်းဝင်ပေါင်းပင်များကို မျိုးညှောင့်ပေါက် စတွင်သတ်နိုင်သော ပေါင်းသတ်ဆေး ဖြစ်ပါသည်။

ပရိုးလ် ၃၃၀ အီးစီ

အကျိုးကျေးဇူးများ

  • မြက်များကို သတ်နိုင်သော မြက်အထူးသတ်ဆေး၊ မြက်ပေါင်းသတ်ဆေးဖြစ်ပါသည်။
  • မြက်ကိုနှိမ်နှင်းရာတွင် သီးနှံကိုထိခိုက်မှု မရှိဘဲ အကောင်းဆုံး၊ စိတ်အချရဆုံး ပေါင်းသတ်ဆေးဖြစ်ပါသည်။

ကျွန်ုပ်တို့ကိုဆက်သွယ်ရန်

ပါဝင်သောအဆိပ်(Ai)
Pendimethalin 330g/L EC

ကာကွယ်နှိမ်နှင်းနိုင်သောပေါင်းများ
- မြက်မျိုးရင်းဝင်အပင်များ။
- အချို့သောရွက်ပြန့်ပေါင်းများ။

စပါး ( အခြောက်ကြဲခင်း)
နှုန်းထား (လီတာ / ဧက) : ၁.၅ - ၂.၅ လီတာ / ဧက
သုံးစွဲရန်အညွန် : မျိုးစေ့ချမြေဖုံးပြီးချိန်မှ ပေါင်းရွက်နှစ်ရွက်ထွက်ချိန်အထိ တစ်ကြိမ်တည်းသာ ပက်ဖျန်းရန်။
စပါး (အစို သမန်းကြဲခင်း)
နှုန်းထား (လီတာ / ဧက) : ဝ.၄ - ဝ.၈ လီတာ / ဧက
သုံးစွဲရန်အညွန် : မျိုးစေ့ကျဲပက်ပြီးနောက် (၈ - ၁၂) ရက်အတွင်းပေါင်းမြက်များ အရွက်နှစ်ရွက်ထွက်ချိန်အထိ တစ်ကြိမ်တည်းသာ ပက်ဖျန်းရန်။
ပြောင်း၊ ကြံ၊ ဝါ
နှုန်းထား (လီတာ / ဧက) : ၁.၅ - ၂.၅ လီတာ / ဧက
သုံးစွဲရန်အညွန် : စိုက်ပျိုးပြီးတစ်ရက်အကြာတွင် ပေါင်းမပေါက်မီတစ်ကြိမ်တည်းသာ ပက်ဖျန်းရန်။
ငရုတ်၊ ကြက်သွန်၊ ခရမ်းချဉ်၊ ကညွတ်၊ဆေးရွက်ကြီး
နှုန်းထား (လီတာ / ဧက) : ၁.၁ - ၁.၅ လီတာ
သုံးစွဲရန်အညွန် : ပျိုးပင်များရွေ့ပြောင်းမစိုက်မီ (သို့မဟုတ်) စိုက်ပြီးလျင်ပြီးခြင်းပေါင်းမပေါက်မီတစ်ကြိမ်တည်းသာ ကြိုတင်ပက်ဖျန်းဆေးအဖြစ်ပက်ဖျန်းရန်။