ဘီအေအက်စ်အက်ဖ် သည် သတင်းအချက်အလက်များကို အလေးအနက်ထားပြီးကာကွယ်ထားပါသည်။ သင်၏ကိုယ်ပိုင်သတင်းအချက်အလက်များ နှင့် ကိုယ်ရေးအချက်အလက်များကို ဝက်ဆိုက်အတွင်း မည်သို့ကာကွယ်ထားသည်ကို ဆက်လက်လေ့လာနိုင်ပါသည်။
ဘီအေအက်စ်အက်ဖ် ၏ဝက်ဆိုက်အတွင်းသို့ဝင်ရောက်လေ့လာခဲသဖြင့် ဝမ်းသာပိတိဖြစ်ရပါသည်။ မြန်မာနိုင်ငံမှ ကျွန်ုပ်တို့၏ သီးနှံကာကွယ်ရေး နှင့် သက်ဆိုင်သော စီးပွားရေးလုပ်ငန်းကို စိတ်ဝင်စားသော သင့်အား ဘီအေအက်စ်အက်ဖ် မှ လှိုက်လှဲစွာကျေးဇူးတင်ရှိပါသည်။ ကိုယ်ရေးအချက်အလက် ထိန်းသိမ်းသည့် မှုဝါဒများကို အောက်တွင်ရှင်းလင်းပြသထားပါသည်။
- ကျွန်ုပ်တို့၏ ဝက်ဆိုက်ကိုလာရောက်လေ့လာနေစဉ် သင့်ရဲ့ဘယ်လိုဒေတာ အချက်အလက်များကို စုဆောင်းထားပါသလဲ။
- သင်၏ဒေတာအချက်အလက်များကို အခြားနေရာများတွင်ဘယ်လိုအသုံးပြုရန်ရည်ရွယ်ပါသလဲ။
- ဘီအေအက်စ်အက်ဖ် မှအသုံးပြုသူ၏အချက်အလက်များကို အချိန်ဘယ်လောက်ကြာအောင်သိမ်းထားပါသလဲ။
- ဘီအေအက်စ်အက်ဖ် သည်သင်၏ဒေတာအချက်အလက်များကို ဘယ်အချိန်မှာ၊ အခြားသော ဘယ်လို တတိယအဖွဲ့အစည်းများနှင့် မျှဝေအသုံးပြုပါသလဲ။
- ဘီအေအက်စ်အက်ဖ် သည်သင်၏ဒေတာအချက်အလက်များကို ဘယ်လိုကာကွယ်ပေးထားပါသလဲ။ လူစုလူဝေး နှင့်ပြုလုပ်သောပွဲများ၊ အရောင်းပြပွဲများ တွင် ဘယ်လိုအပေးအယူလုပ်ပြီးအသုံးပြုပါသလဲ။
- ဘီအေအက်စ်အက်ဖ် သည်သင်၏ဒေတာအချက်အလက်များကို သိမ်းဆည်းထားခြင်းကို ဘယ်လိုတိုင်ကြားမလဲ။ ဘယ်လိုတောင်းဆိုမလဲ။
ဘီအေအက်စ်အက်ဖ် ဝက်ဆိုက်ကိုအသုံးပြုခြင်းကြောင့် အသုံးပြုသူသည် ကျွန်ုပ်တို့၏ ကိုယ်ရေးအချက်အလက်ထိန်းသိမ်းသည့်မှုဝါဒများအရ သုံးစွဲသူ၏ ဒေတာအချက်အလက်များ နှင့် သတင်းအချက်အလက်များကို ဘီအေက်စ်အက်ဖ် မှစုဆောင်းထားပြီး ပြန်လည်အသုံးပြုခြင်းကို သဘောတူလက်ခံပါသည်။
ကျွန်ုပ်တို့၏ ဝက်ဆိုက်ကို သင်လာရောက်လေ့လာနေစဉ် သင့်ရဲ့ဘယ်လိုအချက်အလက်တွေကို ဘီအေအက်စ်အက်ဖ်က စုဆောင်းထားပါသလဲ။
ကျွန်ုပ်တို့၏ ဝက်ဆိုက်ကို လက်မှတ်ထိုးဝင်ရောက်ခြင်း သို့မဟုတ် တစ်စုံတစ်ရာဆက်သွယ်ခြင်းမရှိဘဲနှင့် ဝင်ရောက်လေ့လာစဉ်အတွင်း သင်အသုံးပြုနေသော ဘရောက်စာသည် ကျွန်ုပ်တို့၏ ဆာဗာသို့ အောက်ပါသတင်းအချက်အလက်များကို အလိုအလျောက်လွဲပြောင်းပေးမည်ဖြစ်ပါသည်။
- သင့်ကွန်ပြူတာ၏ အိုင်ပီ(IP)လိပ်စာ
- သင်အသုံးပြုနေသော ဘရောက်စာ၏ အချက်အလက်များ
- ကျွန်တို့၏ ဝက်ဆိုက်သို့မလာရောက်မီရှေ့က သင်အသုံးပြုခဲ့သော ဘရောက်စာ၏ အချက်အလက်များ
- URL သို့မဟုတ် တောင်းဆိုထားသော အချက်အလက်များ
- သင်လာရောက်လည်ပတ်ခဲ့သော အချိန် နှင့် ရက်စွဲ
- သတင်းအချက်အလက် ကူးယူသွားသော ပမာဏများ
- သတင်းအချက်အလက် အခြေအနေ ဥပမာ - မှားယွင်းသောအချက်အလက်ပေးပို့မူများ
သင်သည် အီးမေးလ် သို့မဟုတ် ဝက်ဆိုက် မှဆက်သွယ်လာမည်ဆိုပါက အောက်ပါအချက်များကို သိမ်းဆည်းထားပါမည်။
- အမည်
- အီးမေးလ် လိပ်စာ
- ဖုန်းနံပါတ်
- ဆက်သွယ်ရန်ဖောင် ဖြည့်စွက်ပြီးပေးပို့ခြင်း သို့မဟုတ်အီးမေးလ်မှ ပေးပို့ထားသောအချက်အလက်များ
ဘီအေအက်စ်အက်ဖ် သည်သင့်ထံမှ ရရှိသောအချက်အလက်များကို ဘယ်လိုအသုံးပြုပါသလဲ။
သင်ကျွန်ုပ်တို့၏ ဝက်ဆိုက်ကို လာရောက်လေ့လာနေစဉ်အတွင်း သင်အသုံးပြုနေသော အိုင်ပီလိပ်စာကို ကျွန်ုပ်တို့အသုံးပြုပါမည်။ သင်အသုံးပြုနေသော ဘရောက်စာသည်သတင်းအချက်အလက်များကို အောက်ပါရည်ရွယ်ချက်အလို့ငှာ ကျွန်ုပ်တို့၏ ဆာဗာသို့အလိုအလျောက်လွဲပြောင်းပေးပါလိမ့်မည်။
- က။ တောင်းဆိုထားသော သင်အသုံးပြုနေသည့် ဘရောက်စာ၏အချက်အလက်များကို ပေးပို့ရန်၊
- ခ။ ကျွန်ုပ်တို့ ဝက်ဆိုက်မှ သင်တောင်းဆိုမှုအများဆုံး စာမျက်နှာ နှင့်ဖိုင်များကို စောင့်ကြည့်ရန်၊ ကျွန်ုပ်တို့ ဝက်ဆိုက်သို့လာရောက်သူ၏ နေရာ၊ အများဆုံး အသုံးပြုခဲ့သောစက်ကိရိယာ ( ဖုန်း၊ ကွန်ပျူတာ) နှင့် ဘရောက်စာ၊ လာရောက်လည်ပတ်သူ၏တည်နေရာကို စောင့်ကြည့်ရန်၊
- ဂ။ အွန်လိုင်းတွင်ပြုလုပ်သော ကုန်ပစ္စည်းကြေညာမိတ်ဆက်ပွဲများတွင် ကျွန်ုပ်တို့ဝက်ဆိုက်သို့ တိုက်ရိုက်ဝင်ရောက်လည်ပတ်သူများ နှင့် ပစ်မှတ်ထားရွေးချယ် ထားသော လည်ပတ်သူများကို ကျွန်ုပ်တို့ဝက်ဆိုက်သို့ လာရောက်လေ့လာနေစဉ်အတွင်းစောင့်ကြည့်ရန်၊
- ဃ။ ကျွန်ုပ်တို့၏ဝက်ဆိုက်ကို ဆိုက်ဘာ တိုက်ခိုက်မှုများ မှကာကွယ်ရန် နှင့် သင့်တော်သော လုံခြုံရေးအစီအမံများထားရှိရန်၊
သင်သည် အီးမေးလ် သို့မဟုတ် ကျွန်ုပ်တို့ဝက်ဆိုက်တွင်လာရောက်ဆက်သွယ်လာပါက ကျွန်ုပ်တို့သည် သင့်၏တောင်းဆိုချက်များကိုဖြေကြားနိုင်ရန် သင့်၏ ကိုယ်ရေးအချက်အလက်များကို သင့်အတွက်သာလျင်ပြန်လည်အသုံးပြုမည်ဖြစ်ပါသည်။ သင်သည် အီးမေးလ် သို့မဟုတ် ကျွန်ုပ်တို့ဝက်ဆိုက်အတွင်း ဖောင်ဖြည့်ပြီး ခွင့်ပြုချက်ပေးမည်ဆိုပါက ကျွန်ုပ်တို့သည် သင်၏ ကို်ယ်ရေးအချက်အလက်များကို သိမ်းဆည်းထားပြီး အလျင်းသင့်သည့်အချိန်တွင် ကျွန်ုပ်တို့သည်စျေးကွက်ထိုးဖောက်ရေးအတွက်ပြန်လည်အသုံးပြုမည်ဖြစ်ပါသည်။ သင်သည် ခွင့်ပြုချက်ကို ရုတ်သိမ်းနိုင်ပါသည်။ မြန်မာနိုင်ငံရှိ ဘီအေအက်စ်အက်ဖ် စိုက်ပျိုးရေးကုမ္ပဏီကို စျေးကွက်ကြေညာခြင်းဆိုင်ရာ မက်ဆေ့စ်များ မပေးပို့ရန် အချိန်မရွေးဆက်သွယ်အကြောင်းကြားနိုင်ပါသည်။
သင်၏ ကိုယ်ရေးအချက်အလက်များကို ဘီအေအက်စ်အက်ဖ်က အချိန်ဘယ်လောက်ကြာအောင်သိမ်းဆည်းထားပါသလဲ။
ဘီအေအက်စ်အက်ဖ်သည် သင့်ထံမှစုဆောင်းထားသော အချက်အလက်များကို ဝက်ဆိုက်ထဲတွင် အများဆုံး (၃၆) လထိသိမ်းဆည်းထားပါသည်။ သင်သည် သင်၏အချက်အ လက်များကို (၃၆) လထက်ပိုစောပြီးဖျက်သိမ်းရန်တောင်းဆိုနိုင်ပါသည်။ (မည်သို့တောင်းဆိုရမည်ကို အောက်တွင်ဆက်လက်ကြည့်ရှုပါ)
ဘီအေအက်စ်အက်ဖ်သည် သင်၏အချက်အလက်များကို တတိယအဖွဲ့အစည်းများနှင့် မည်သည့်အချိန်တွင် မည်သို့မျှဝေသုံးစွဲပါသလဲ။
ဘီအေအက်စ်အက်ဖ်သည် တတိယအဖွဲ့အစည်းများဖြစ်သည့် ဝန်ဆောင်မှုကုမ္ပဏီများ၊ မြန်မာနိုင်ငံသာမက နိုင်ငံတစ်ကာရှိ အခြားသောအဖွဲ့အစည်းများ နှင့် သင်၏ကိုယ်ရေး အချက်အလက်များကို အောက်ပါရည်ရွယ်ချက်များအလို့ငှာ မျှဝေသုံးစွဲကောင်း၊ သုံးစွဲနိုင်ပါသည်။
- ကျွန်ုပ်တို့၏ဝက်ဆိုက်၏စွမ်းဆောင်ရည်ပိုမိုတိုးတက်လာစေရန်၊
- ကျွန်ုပ်တို့ ဝက်ဆိုက်ကိုလာရောက်လေ့လာသူများ၏ သဘာဝ နှင့် ဝိသေသလက္ခဏာများကို ခွဲခြမ်းစိတ်ဖြာရန်၊
- စီးပွားရေးနှင့်ဆက်စပ်သော ကိစ္စများ နှင့် ဆက်သွယ်နိုင်ရန် ( ခွင့်ပြုချက်များကို ကျွန်ုပ်တို့ထံပေးပို့ထားသောသင့်အား)
ကျွန်ုပ်တို့သည် ဥပဒေကြောင်းအရသော်လည်းကောင်း၊ ဥပဒေဘောင်အတွင်းမှတာဝန်ပေးခြင်းကြောင့်သော်လည်းကောင်း သင်၏အချက်အလက်များကို သင်ထံမှခွင့်ပြုချက် မယူဘဲနှုင့် မျှဝေပေးကောင်း၊ မျှဝေပေးနိုင်ပါသည်။
သတိပြုရန် - နည်းပညာဝန်ဆောင်မူပေးသည့် တတိယအဖွဲ့အစည်းများ၏ တခြေရာကောက်နည်းပညာများဖြစ်သည့် ကွတ်ကီးစ်များ (cookies) နှင့် ခြေရာကောက် ပစ်စယ်များ ( tracking pixels) ကို ကျွန်ုပ်တို့၏ ဘီအေအက်စ်အက်ဖ်ကိုယ်စား ထည့်သွင်းထားပြီး လာရောက်လည်ပတ်သူူများ၏သတင်းအချက်အလက်များဖြင့် ဝက်ဆိုက်အတွင်း ဝင်ရောက်နိုင်ရန်ဖြစ်ပါသည်။ ဘီအောအက်စ်အက်ဖ် နှင့် ဝန်ဆောင်မူပေးသောအဖွဲ့အစည်းများသည် လာရောက်လည်ပတ်သူများ၏သတင်းအချက်အလက်များကို ဝက်ဆိုက်အသုံးပြုမူများတွင်ပိုမိုတိုးတက်ကောင်းမွန်စေရန် နှင့် ပို၍ကောင်းမွန်ထိရောက်စွာ အသိပေးခြင်း၊ ကြော်ညာခြင်းများအတွက်ဖြစ်ပါသည်။
အထူးသဖြင့် ကျွန်ုပ်တို့ဝက်ဆိုက်သည် အောက်ပါ တတိယအဖွဲ့အစည်း ဝန်ဆောင်မှုကုမ္ပဏီများကိုအသုံးပြုနေပါသည်။
- Google Analytics ( (ကိုယ်ရေးအချက်အလက်မူဝါဒ) )
- Facebook Pixel ( (ကိုယ်ရေးအချက်အလက်မူဝါဒ) )
ဘီအေအက်စ်အက်ဖ် ကသင့်ရဲ့ကိုယ်ရေးအချက်အလက်များကို ဘယ်လိုကာကွယ်ပေးထားပါသလဲ။
ဘီအေအက်စ်အက်ဖ် သည် သင်၏ကိုယ်ရေးအချက်အလက်များကို မတော်တဆသော်လည်းကောင်း သို့မဟုတ် ဥပဒေမဲ့လုပ်ရပ်များကြောင့်လည်းကောင်း၊ ပျက်စီးခြင်း၊ ဆုံးရှုံးခြင်း သို့မဟုတ် ခွင့်ပြုချက်မရှိဘဲထုတ်ဖော်ခြင်း များမှ ကာကွယ်ရန်သင့်တော်သောနည်းပညာ အစီအမံများဖြင့့်လည်းကောင်း၊ အဖွဲ့အစည်းများအတွင်းတွင်စောင့်စည်း ထိန်းချုပ်ရမည့် လုပ်ထုံးလုပ်နည်းများ၊ စံနစ်များထားရှိပြီး ကာကွယ်ထားပါသည်။ နည်းပညာများပိုမိုဖွံ့ဖြိုးလာမူနှင့်အတူ ကာကွယ်ရေးအစီအမံများသည်လည်း စဉ်ဆက်မပြတ်တိုးတက်လျက်ရှိပါသည်။
ကျွန်ုပ်တို့သည် သင်၏ကိုယ်ရေးအချက်အလက်များကိုဥပဒေနှင့်အညီကာကွယ်ရန်တတိယအဖွဲ့အစည်းများကိုလိုအပ်သလိုခန့်အပ်ထားခဲ့ပါသည်။ ထိုကဲသို့ကာကွယ်ပေးထား မူများကြောင့် သင်၏ကိုယ်ရေးအချက်အလက်များကိုလေးစားမူဖြင့် လိုက်နာစောင့်ထိန်းပြီး ကျွန်ုပ်တို့ကကာကွယ်ပေးသွားမည်ဖြစ်ပါသည်။
ကျွန်ုပ်တို၏ စံနစ်ချိုုးဖျက်ခံရခြင်းကြောင့် ကိုယ်ရေးအချက်အလက်များကိုခွင့်ပြုပေးလိုက်ရပါက ၄င်းပုဂ္ဂိုလ်ထံသို့ (ဆက်သွယ်ရန်ဖုန်း၊အီးမေးလ်ရှိပါက) အီးမေးလ် သို့မဟုတ် စာတိုပို့စံနစ်ဖြင့် ရက်(၃၀) အတွင်း ဘီအေအက်စ်အက်မှအကြောင်းကြားမည်ဖြစ်ပါသည်။
ဘီအေအက်စ်အက်ဖ်မှ သင်၏ကိုယ်ရေးအချက်အလက်များကိုသိမ်းဆည်းထားခြင်း၊ အသုံးပြုခြင်းများအတွက် တိုင်ကြားခြင်း သို့မဟုတ် တောင်းဆိုခြင်းများကို မည်သို့ပြုလုပ်နိုင်ပါသလဲ။
ဘီအေအက်စ်အက်ဖ် ကိုတောင်းဆိုခြင်းများပြုလုပ်နိုင်တာတွေကတော့
- ကျွန်ုပ်တို့သိမ်းဆည်းထားသော သင်၏ကိုယ်ရေးအချက်အလက်များကို သင့်ကိုပေးရန်၊
- မတိကျသော သို့မဟုတ် မပြည့်စုံသော အချက်အလက်များကိုမှန်ကန်အောင်ပြုင်ဆင်ပေးရန်၊
- စျေးကွက်မြင့်တင်ရေးတွင်အသုံးပြုနေသော သင်၏ကိုယ်ရေးအချက်အလက်များကို ဆက်ပြီးအသုံးမပြုရန်၊
- ကျွန်ုပ်တို့ကိုခိုင်လုံသောအကြောင်းပြချက်များပေးရန်မလိုဘဲ ကျွန်တို့သိမ်းဆည်းအသုံးပြုနေသောသင်၏ကိုယ်ရေးအချက်အလက်များကို ဖယ်ရှာရန် သို့မဟုတ် ဖျက်ဆီးပစ်ရန်၊
တိုင်ကြားခြင်း သို့မဟုတ် တောင်းဆိုခြင်းများအတွက် ကျေးဇူးပြု၍ ဆက်သွယ်ရန်ဖောင်ကိုအသုံးပြုပါ။
ကလေးများနှင့်သက်ဆိုင်သော ကိုယ်ရေးမှုဝါဒ
ကျွန်ုပ်တို့ ဝက်ဆိုက်သည် အသက်(၁၈) နှစ်နှင့်အထက်လူပဂ္ဂိုလ်များအသုံးပြုရန်သာရည်ရွယ်ပါသည်။ ကျွန်ုပ်တို့သည် အသက်(၁၈) နှစ်အောက်လူပဂ္ဂိုလ်များ၏ သတင်းအချက်အလက်များကိုရှာဖွေစုဆောင်းမှုများမပြုလုပ်ပါ။ အသက်(၁၈) ထက်ငယ်ရွယ်သောလူပဂ္ဂိုလ်များသည် ကျွန်ုပ်တို့ဝက်ဆိုက်တွင် မည်သည့်သတင်းအချက်အလက် များ ကိုမှပေးပို့ခြင်း သို့မဟုတ် တင်ခြင်းများမပြုလုပ်သင့်ပါ။ အကယ်၍ အသက်(၁၈) နှစ်အောက်ငယ်ရွယ်သော တစ်ဦးတစ်ယောက်သည် ၄င်း၏ကိုယ်ရေးသတင်းအချက် အလက်များကို ကျွန်ုပ်တို့ဝက်ဆိုက်သို့ပေးပို့ထားခဲ့ပါကလည်း ကျွန်ုပ်တို့သည် သိလျင်သိချင်း လျင်လျင်မြန်မြန်ဖယ်ရှားပစ်မည်ဖြစ်ပါသည်။ ထို့အပြင် ကျွန်ုပ်တို့သည် ၄င်းလူပဂ္ဂိုလ် ၏သတင်းအချက်အလက်များကို မည်သည့်ရည်ရွယ်ချက်မျိုးနှင့်မျှ ကျွန်ုပ်တို့သည်အသုံးပြုလိမ့်မည်မဟုတ်ပါ။
နောက်ဆုံးရရှိထားသော အချက်အလက်များ October 24, 2019