လယ်ယာစိုက်ပျိုးရေး နှင့် သီးနှံကာကွယ်ရေး

စတုမ်း ဘီဘီ

စတုန်း ဘီဘီ(Storm® BB) တွင် ဖလိုကိုမာဖန် (Flocoumafen) အဆိပ်ပါဝင်ပြီး အဆိပ်ခဲ မြှားစာအဖြစ်ထုတ်လုပ်ထားပါသည်။

စတုမ်း ဘီဘီ

အကျိုးကျေးဇူးများ

  • အသုံးပြုရလွယ်ကူခြင်း။
  • အဆိပ်ကြောင့် သေသွားသောကြွက်များအနံ့မထွက်ခြင်း။
  • မိုးဒဏ်၊ လေဒဏ်ခံနိုင်သောကြောင့် စိုက်ကွင်းထဲတွင် အသုံးပြုနိုင်ခြင်း။

ကျွန်ုပ်တို့ကိုဆက်သွယ်ရန်

ပါဝင်သောအဆိပ်(Ai)
- Flocoumafen 0.05 g/Kg
- Bitrex 0.01 g/KgP

စပါး၊ ကြံ၊ ကိုကိုး၊ ဆီအုန်း၊ ငှက်ပျော စိုက်ခင်းများ
ကာကွယ်နှိမ်နှင်းနိုင်သောဖျက်ပိုးများ -  ကြွက်
နှုန်းထား (ဂရမ် / ဧက) : ၂၀၀ -၃၀၀ ဂရမ် / ဧက

သုံးစွဲရန်အညွန်
- သီးနှံတစ်ရာသီတွင် (၂-၄) ကြိမ် ဆေးခဲချပေးပါ။
- (သီးနှံစိုက်ခင်းကြွက်နှိမ်နင်းရန်အတွက်) အဆိပ်ခဲချထားရမည့်နေရာရွေးချယ်ပါ။ ဥမမာအားဖြင့် စိုက်ခင်း၊အမှိုက်ပုံး ဘေးပါတ်ဝန်းကျင်၊ကြွက်တွင်း၊ကြွက်လှုပ်ရှားသွားလာသောလမ်းကြောင်း၊ ကြွက်များနေထိုင်သောနေရာနှင့် အစာရှာဖွေရာလမ်းကြောင်းတစ်လျှောက်အဆိပ်ခဲချထားရမည်။ ကြွက်ဦးရေများပြားပါက (၁၅ -၁၈) ပေခြားချထား ပေးပါ။ ထိပ်နှစ်ဖက်ဖွင့်ထားသော ပလပ်စတစ်ပိုက် သို့မဟုတ် ရေသန့်ဗူးခွံအတွင်း၌ မြှားစာချထားခြင်းဖြင့်ပိုမိုထိရောက်နိုင်ပါသည်။
- (အိမ်တွင်းကြွက်နှိမ်နင်းရန်အတွက်) ကြွက်လှုပ်ရှားသွားလာမှုထင်ရှားသောနေရာ၊ ကြွက်ချေးများတွေ့ရသောနေရာများတွင် အဆိပ်ခဲမျးကိုချပေးပါ။ (၇) ရက်အတွင်းအဆိပ်ခဲချထားသော နေရာများကို စစ်ဆေးပြီးကြွက်စားထားသည့် အဆိပ်ခဲအကြွင်းအကျန်များကို အဆိပ်ခဲအသစ်ဖြင့်လဲလှယ်ပေးရမည်။ ထို့ပြင်ကြွက်စားထားသည့် လက္ခဏာမတွေ့ရသော အဆိပ်ခဲများကို နေရာပြောင်း၍ချထားပေးရမည်။ ကြွက်တွင်းဝနှင့်အဆိပ်ခဲချထားသောနေရာများကို (၇) ရက်ခြားစစ်ဆေးပြီး ကြွက်များ အဆိပ်ခဲစားထားကြောင်းတွေ့ပါက အဆိပ်ခဲအသစ်ထပ်မံချထားရမည်။
- (သိုလှောင်ခြင်းနှင့်စွန့်ပစ်ခြင်း) ဆေးထုတ်ကိုသေချာစွာပြန်ပိတ်၍ အစားအစာများ၊ တိရစ္ဆာန်အစာများနှင့် ဝေးရာတွင်သိမ်းဆည်းထားရမည်။ ဆေးကြွင်းဆေးခဲနှင့် ကြွက်သေမျးကို သေချာစွာမြုတ်နှံစွန့်ပစ်ပါ။ အထုတ်ခွံများကိုပြန်မသုံးရ။ ကလေးများလက်လှမ်းမမှီသောနေရာများတွင် လုံခြုံစွာသော့ခတ်သိမ်းဆည်းပါ။