ဘေးကင်းလုံခြုံသော စတီးဝပ်ရှစ် အစီအစဉ်
စတီးဝပ်ရှစ် ဆိုသည် ထုတ်ကုန်စီမံခန့်ခွဲမှုအတွက် ထုတ်ကုန်တစ်ခု တီထွင်ထုတ်လုပ်သည့်မှစ၍ အသုံးမပြုမီ၊ အသုံးပြုသည့်အချိန်၊ အသုံးပြုပြီးနောက် စွန့်ပစ်သည်အထိ လူနှင့် ပတ်ဝန်းကျင်ကိုမထိခိုက်အောက် သတ်မှတ် ထား သော ကျင့်ဝတ်များနှင့်အညီ တာဝန်ယူထိန်းသိမ်းဆောင်ရွက်သည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သည်။စတီးဝပ်ရှစ် လုပ်ငန်းစဉ်၏ အဓိကရည်ရွယ်ချက်မှာ သီးနှံကာကွယ်ရေး ပိုးသတ်ဆေးများကို အသုံးပြုခြင်းဖြင့် စိုက်ထားသော သီးနှံမှ အကျိုးအမြတ်များများရရှိရန်နှင့် ပိုးသတ်ဆေး၏ ဘေးထွက်ဆိုးကျိုးများကို အနည်းဆုံးဖြစ်ရန် ရည်ရွယ်သည်။
ထုတ်ကုန်ကို အန္တရာယ်ကင်းအောင် အသုံးပြုရေးမှာ အပေးအယူမရှိပါ
သိုလှောင်စဉ် ပိုးသတ်ဆေးအား အန္တရယ်ကင်းစွာ ကိုင်တွယ်ရေးလမ်းညွှန်
လိုက်နာရမည် အချက်မျာ
◦ ပိုးသတ်ဆေးများကို အိမ်နှင့်အဝေးတွင် သိုလှောင်သိမ်းဆည်းပါ။
◦ ပိုးသတ်ဆေးများကို မူလဗူးဖြင့်သာ ထားရှိသိမ်းဆည်းပါ။
◦ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေးများကို တခြားအရာများ မရောပဲ သီးခြားသိုလှောင်ပါ။
◦ ပိုးသတ်ဆေးသိုလှောင်နေရာအား သတိပေးဆိုင်းဘုတ်များတပ်ဆင်ထားပါ။
◦ ပိုးသတ်ဆေးများအား ကလေးများ လက်လှမ်းမမီရာနှင့် တိရစ္ဆာများ မရောက်ရှိနိုင်သော နေရာတွင်သာ သော့ခတ်သိုလှောင်သိမ်းဆည်းပါ။
◦ ပိုးသတ်ဆေးများအား နေရောင် တိုက်ရိုက်မကျရောက်နိုင်သောနေရာနှင့် အဆောက်အဦးများအောက်တွင်သာ သိုလှောင်သိမ်းဆည်းပါ။
ရှောင်ကြင်ရမည့် အချက်မျာ
◦ ပိုးသတ်ဆေးများအား အိမ်နှင့် အိမ်အနီးသိုလှောင် သိမ်းဆည်းခြင်း မပြုပါနှင့်။
◦ ပိုးသတ်ဆေးများအား မူလဗူး မှတခြားဗူးထဲ ပြောင်းလဲထည့်သွင်းသိုလှောင်ခြင်း မပြုပါနှင့်။
◦ ပိုးသတ်ဆေးများအား ပေါင်းသတ်ဆေးများနှင့် အတူထား မသိုလှောင်ပါနှင့်။
◦ ပိုးသတ်ဆေးများ သိုလှောင်ထားသောနေရာသို့ ကလေးများ မဝင်ရောက်ပါစေနှင့်။
◦ ပိုးသတ်ဆေးများအား နေရောင်နှင့်ဖြစ်စေ မိုးရေနှင့်ဖြစ်စေ ထိတွေ့မှု မရှိပါစေနှင့်။
ဆေးဖျော်စပ်စဉ် ပိုးသတ်ဆေးအား အန္တရယ်ကင်းစွာ ကိုင်တွယ်ရေးလမ်းညွှန်
လိုက်နာရမည့် အချက်မျာ
◦ ပိုးသတ်ဆေးဖျော်စပ်ရာတွင် အမြဲသန့်ရှင်းသောရေကို သုံးပါ။
◦ အကာအကွယ်ဝတ်စုံများဖြစ်သော လက်အိတ်၊ မျက်နှာအကာ၊ မျက်လုံးကိုကာနိုင်သော မျက်မှန်အကြည်၊ ဦးထုပ်၊ ခါးစည်း၊ ဘောင်းဘီရှည်၊လည်ရှည်ရာဘာဖိနပ် အစရှိသော အကာအကွယ်ဝတ်စုံများကို ဝတ်ဆင်ပါ။
◦ နှာခေါင်း၊ မျက်လုံး၊ နား၊ လက်တို့ကို ပိုးသတ်ဆေးနှင့်ထိတွေ့နိုင်မှုမှ ကာကွယ်ပါ။
◦ ပိုးသတ်ဆေးအားအသုံးမပြုမီ ပိုးသတ်ဆေးဗူးတွင်ပါသော အညွန်းစာကို သေချာစွာဖတ်ပါ။
◦ လိုအပ်ချက်ပေါ်မူတည်၍ ပိုးသတ်ဆေးအား ပြင်ဆင်ဖျော်စပ်ပါ။
◦ ပိုးသတ်ဆေး အခဲများကို သတ်မှတ်ထားသော အညွန်းတိုင်းသာ သုံးစွဲသင့်သည်။
◦ ပိုးသတ်ဆေးများ ဖျော်စပ်ပြင်ဆင် အသုံးပြုနေစဥ် ဖိတ်စင်ခြင်းမရှိအောင် ဂရုပြုပါ။
◦ ပိုးသတ်ဆေးများအား သတ်မှတ်ထားသော နှုန်းထားအတိုင်းအမြဲအသုံးပြုရန်။
◦ မိမိအား အန္တရာယ်ဖြစ်စေနိုင်သော အနေအထားတွင် ပိုးသတ်ဆေးဖျန်းခြင်းအား မဆောင်ရွက်ပါနှင့်။
ရှောင်ကြဉ်ရမည့် အချက်မျာ
◦ ပိုးသတ်ဆေးများ ဖျော်စပ်ရာတွင် နောက်ကျိသောရေကို မသုံးပါနှင့်။
◦ အကာအကွယ်ဝတ်စုံ မဝတ်ဆင်ပဲ ပိုးသတ်ဆေး ကိုင်တွယ်ပြင်ဆင်အသုံးပြုခြင်း မပြုပါနှင့်။
◦ ပိုးသတ်ဆေးရည်များအား ခန္ဒာကိုယ်ပေါ်တွင် ဖိတ်ကျထိတွေ့မှု မရှိပါစေနှင့်။
◦ ပိုးသတ်ဆေးဘူးတွင်ပါသော အညွန်းစာကို မဖတ်ပဲ ပိုးသတ်ဆေးအား အသုံးမပြုပါနှင့်။
◦ ပြင်ဆင်ဖျော်စပ်ပြီးသော ပိုးသတ်ဆေးရည်အကျန်များအား (၂၄)နာရီပြီးနောက် ထပ်မံအသုံးမပြုပါနှင့်။
◦ ပိုးသတ်ဆေးအခဲများကို ရေနှင့်မရောနှောပါနှင့်။
◦ ပိုးသတ်ဆေးဖျန်းရာတွင် အသုံးပြုသောဆေးပုံးအား နမ်း ရှုံ့ခြင်းမပြုပါနှင့်။
◦ အပင်နှင့် ပတ်ဝန်းကျင်ကို အန္တရာယ်ဖြစ်စေသော သတ်မှတ်နှုန်းထားထက်ပိုသုံးခြင်းကို ရှောင်ကြဉ်ပါ။
◦ ပိုးသတ်ဆေး ကိုင်တွယ်အသုံးပြုနေစဉ် အစာစားခြင်း၊ ရေသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ကွမ်းစားခြင်း မပြုပါနှင့်။
ဆေးဖျန်းစဉ် ပိုးသတ်ဆေးအား အန္တရယ်ကင်းစွာ ကိုင်တွယ်ရေးလမ်းညွှန်
လိုက်နာရမည့် အချက်မျာ
◦ ပိုးသတ်ဆေးများအား သတ်မှတ်ထားသောနှုန်းထားအတိုင်းအသုံးပြု ဖျော်စပ်ပါ။
◦ ပိုးသတ်ဆေးဖျန်းပက်ခြင်းအား အေးမြသာယာသော နေ့/အချိန်တွင်သာ ဆောင်ရွက်သင့်သည်။
◦ ပိုးသတ်ဆေးဖျန်းပက်ခြင်းအား နေသာသောနေ့တွင်သာ ဆောင်ရွက်သင့်သည်။
◦ ပိုးသတ်ဆေးဖျန်းပက်ရာတွင် သတ်မှတ်ထားသော ဆေးဖျန်းပုံးအား အသုံးပြုပါ။
◦ ပိုးသတ်ဆေးဖျန်းပက်ချိန်တွင် လေလာရာအရပ်အတိုင်း ဖျန်းပက်သင့်သည်။
◦ ပိုးသတ်ဆေးဖျန်းပြီးနောက် ပိုးသတ်ဆေးပုံးနှင့် အခြားအသုံးပြုပစ္စည်းများအား ရေနှင့် ဆပ်ပြာ အသုံးပြုပြီး ဆေးကြောသင့်သည်။
◦ ဆေးဖျန်းပြီးတောက် လူနှင့် တိရစ္ဆာများ စိုက်ခင်းအတွင်း ချက်ခြင်းဝင်ရောက်ခြင်း မရှိစေရ။
ရှောင်ကြဉ်ရမည့် အချက်မျာ
◦ သတ်မှတ်ထားသော နှုန်းထားထက် ပိုပြီး အသုံးမပြုပါနှင့်။
◦ နေပူပြင်းပြီး လေပြင်းသောနေ့များတွင် ပိုးသတ်ဆေး မဖျန်းပါနှင့်။
◦ မိုးမရွာမီနှင့် မိုးရွာပြီးချက်ခြင်း ဆေးမဖျန်းပါနှင့်။
◦ ပိုးသတ်ဆေးဘူး အခွံနှင့် ပိုးသတ်ဆေးကိုင်တွယ်အသုံးပြုထားသော အရာများအား ဆေးကြောပြီး အခြားအိမ်သုံးအတွက် အသုံးမပြုပါနှင့်။
◦ ဆေးဖျန်းထားသော စိုက်ခင်းအတွင်း အကာအကွယ်ဝတ်စုံအသုံးမပြုပဲ ချက်ခြင်းဝင်ရောက်ခြင်း မပြုရ။
ဆေဖျန်းပြီးနောက် ပိုးသတ်ဆေးအား စနစ်တကျကိုင်တွယ် စွန့်ပစ်နည်း လမ်းညွန်
လိုက်နာရမည့်အချက်မျာ
◦ ပိုးသတ်ဆေး အကြွင်းအကျန်းများအား သတ်မှတ်ထားသောစွန့်ပစ်နေရာများတွင်မြေမြုပ်စွန့်ပါ။
◦ ပိုးသတ်ဆေးဘူးခွံ အလွတ်များအား ထုရိုက်ပြီး ရေအရင်းအမြစ်နေရာနှင့်ဝေးရာ မြေကျင်းနက်နက်တူး၍ မြုပ်ပစ်ပါ။
◦ လက်နှင့်မျက်နှာအား အစာမစားမီနှင့် ဆေးလိပ်မသောက်မီ ရေနှင့်ဆပ်ပြာသုံးပြီး ဆေးကြောပါ။
◦ ပိုးသတ်ဆေးအဆိပ်သင့် လက္ခဏာတွေ့ရပါက ရှေးဦးသူနာပြုစုနည်းပြင် အရင်ကုသပါ။ ပြီးနောက်လူနာအား ဆရာဝန်နှင့်ပြသပါ။ ပိုးသတ်ဆေးဘူးအခွံအား မိမိနှင့် တစ်ပါးတည်းယူဆောင်သွားပါ။
ရှောင်ကြဉ်ရမည့် အချက်မျာ
◦ ဆေးကြွင်းဆေးကျန်များအား ရေသွင်းရေထုတ်မြောင်းများ၊ ကန်များနှင့် အခြားရေအရင်းအမြစ်များဧ။် အနီးအနားတွင် မစွန့်ပစ်ပါနှင့်။
◦ ပိုးသတ်ဆေးဗူးအခွံ အလွတ်များအား အခြားသောအရာများ သိုလှောင်သိမ်းဆည်းရန်အတွက် အသုံးမပြုပါနှင့်။
◦ ပိုးသတ်ဖျန်းရာတွင် အသုံးပြုထားသော အဝတ်အစားများ မလျော်ဖွတ်မီနှင့် ရေမချိုးမီ အစာစားခြင်း၊ ဆေးလိပ်သောက်ခြင်း မပြုပါနှင့်။
◦ ပိုးသတ်ဆေးအဆိပ်သင့် လက္ခဏာဖြစ်ပါက ဆရာဝန်အား မပြသခြင်း မပြုပါနှင့်။ ထိုသို့ပြုလုပ်ခြင်းသည် လူနာ၏အသက်အား အန္တရာယ်ရှိစေသည်။