141

လယ်ယာစိုက်ပျိုးရေး နှင့် သီးနှံကာကွယ်ရေး

မတ်ပဲ

မြန်မာနိုင်ငံတွင်မတ်ပဲကို ပြည်ပသို့အဓိက တင်ပို့ရောင်းချသည့် အိပ်စ်ပို့ကုန်အဖြစ်စိုက်ပျိုးကြပြီး အန္ဒိယနိုင်ငံသို့အများဆုံး တင်ပို့ရောင်းချသောသီးနှံဖြစ်သည့် အတွက် မြန်မာနိုင်ငံအတွက်သာမက မတ်ပဲစိုက်တောင်သူများအတွက်ပါ အရေးကြီးသောသီးနှံတစ်မျိုးဖြစ်ပါတယ်။ မတ်ပဲကိုအဓိကအားဖြင့်ဆောင်းရာသီတွင်စိုက်ပျိုးပြီး နိုင်ငံခြားဝင်ငွေအများအပြားကို မြန်မာနိုင်ငံအတွက်ရှာဖွေပေးနေသော သီးနှံတစ်မျိုးဖြစ်ပါတယ်။ BASF မှမတ်ပဲစိုက် တောင်သူများအတွက် မျိုးစေ့လူးနယ်ဆေး စတန်းဒက်-တော့ပ် (Standak Top® 500 FS) ကိုဈေးကွက်အတွင်းမိတ်ဆက်ပေးခဲ့ပြီး အခြားသော မှိုသတ်ဆေးများဖြစ်သည့် အော်ပရာ (Opera® 18.3 SE)၊ ကူးမြူးလပ်စ် (Kumulus® 80 DF)၊ ပေါ်လီရမ် (Plyram® 70 DF) မှိုသတ်ဆေးများ ဈေးကွက်တွင်ဖြန့်ချိပေး နိုင်ခဲ့ပါသည်။

မတ်ပဲတွင်ကျရောက်တတ်သောရောဂါများ

ခါးရိရောဂါ (Damping off disease - Fusarium oxysporum )
ခါးရိရောဂါကြောင့် မတ်ပဲအပင်ငယ်များ အပင်ငယ်စဉ်မှာပင် ပင်ခြေပုတ်ခြင်း၊ အမြစ်ပုတ်ခြင်း နှင့်အတူ အပင်ငယ်များ ညှိုးခြောက်ပြီးသေသွားလေ့ရှိပါသည်။ ခါးရိရောဂါကျ ရောက်မှုများပြားပြင်းထန်လာလျင် တစ်ဧကမှာရှိသင့်သည် အပင်အရေအတွက် ထက်များစွာလျော့နည်းသွားသောကြောင့် အထွက်နှုန်းကိုလဲသိသာစွာ ကျဆင်းစေတဲ့ရောဂါ ဖြစ်ပါသည်။ မတ်ပဲအပင်ငယ်များတွင် ခါးရိရောဂါကို ကြိုတင်ကာကွယ်ကုသရန် မျိုးစေ့လူးနယ်ဆေးကို အသုံးပြု၍စိုက်ပျိုး ခြင်းသည် ခေါတ်မီသော စိုက်ပျိုးရေးနည်းစနစ်တစ်ခုဖြစ်ပါသည်။ BASF မှထုတ်လုပ်ထားသော စတန်းဒက်-တော့ပ် (Standak Top® 500 FS) မျိုးစေ့လူးနယ်ဆေးကို မတ်ပဲတွင်လူးနယ်စိုက်ပျိုးပြီး ခါးရိရောဂါကို ကာကွယ်ကုသနိုင်ပါသည်။

ဆာကိုစပိုးရားရွက်ပြောက်ရောဂါ (Cercospora leaf spot - Cercospora canesens )
ဆာကိုစပိုးရားရွက်ပြောက်ရောဂါသည်လည်း မတ်ပဲတွင် ဆိုးရွားစွာကျရောက်တတ်ပြီး ရောဂါကိုကာကွယ်၊အချိန်မီ ကာကွယ် နှိမ်နှင်းမှုမလုပ်နိုင်ပါက အထွက်နှုန်းကိုသိသိသာသာ လျော့ကျစေသော ရောဂါတစ်မျိုးဖြစ်ပါသည်။ BASF မှထုတ်လုပ်သည့် အော်ပရာ (Opera® 18.3 SE) မှိုသတ်ဆေးသည် ဆာကိုစပိုးရားရွက်ပြောက်ရောဂါကို ကောင်းစွာကာကွယ်ကုသနိုင်သောပင်လုံးပြန့်မှိုသတ်ဆေးဖြစ်ပါသည်။