လယ်ယာစိုက်ပျိုးရေး နှင့် သီးနှံကာကွယ်ရေး

အက်ဆန့် ၅၀ အက်စ်စီ

အက်ဆန့် ၅၀ အက်စ်စီ (Ascend® 50 SC) တွင် စားသေ အာနိသင်အဆိပ်ရှိသော ဖစ်ပရိုနေး (Fipronil) ပါဝင်ပြီး ဖျက်ပိုးများ၏ အာရုံကြောစနစ် ကိုတိုက် ခိုက်နိုင်သော ဆေးဖြစ်ပါသည်။ အက်ဆန့် ၅၀ အက်စ်စီ သည် စပါးဆစ်ပိုး၊ လှေးပိုး နှင့် အာလူး၊ ကြက်သွန်နီ တို့တွင်ကျရောက်သောရွက်ထွင်းပိုးတို့ ကိုကာကွယ်နှိမ်နှင်းနိုင်ပါသည်။

အက်ဆန့် ၅၀ အက်စ်စီ

အကျိုးကျေးဇူးမျာ

  • စပါးတွင်အဆိုးရွားဆုံးဖျက်ဆီးတတ်သည့် ဆစ်ပိုး၊ လှေးပိုးတွေကို အကောင်းဆုံးနှိမ်နှင်းနိုင်ခြင်း။
  • ဆေးသက်တမ်းကြာရှည်သောကြောင့်ဆေးတစ်ကြိမ်ဖျန်းရုံနဲ့ သီးနှံကို ရက်ကြာကြာကာကွယ်နိုင်ခြင်း။

ကျွန်ုပ်တို့ကိုဆက်သွယ်ရန်

ပါဝင်သောအဆိပ်
Fipronil 5% SC

စပါး (ပျိုးထောင်စိုက်စပါး)
ကာကွယ်နှိမ်နှင်းနိုင်သောပိုးများ : စပါးဆစ်ပိုး။
နှုန်းထား (စီစီ / ဧက) : ၂၀၀ စီစီ / ဧက။
သုံးစွဲရန်အညွန် : ပထမအကြိမ် - ပင်ပွားအများဆုံးထွက်ချိန် (သို့မဟုတ်) ပိုးကောင်ကြီများကို တွေ့စဉ်ပက်ဖျန်းပါ။ ဒုတိယအကြိမ်ကို ခေါင်နှံမထွက်မီ (၁၄)ရက် အလိုတွင်ပက်ဖျန်းပါ။
စပါး (တိုက်ရိုက်အစေ့ချစပါး)

ကာကွယ်နှိမ်နှင်းနိုင်သောပိုးများ : ဆစ်ပိုး၊ လှေးပိုး။
နှုန်းထား (စီစီ / ဧက) : ၂၀၀  စီစီ / ဧက။
သုံးစွဲရန်အညွန်း : မျိုးစေ့ပေါက်ပြီး (၇)ရက်အကြာ၊ စပါးရွက် (၃-၄) ရွက်ထွက်ချိန် တွင်တစ်ကြိမ်ပက်ဖျန်းပါ။ ဆေးဖျန်းခြားရက် (၁၄) ရက်။

အာလူး

ကာကွယ်နှိမ်နှင်းနိုင်သောပိုးများ : ရွက်ထွင်းပိုး။
နှုန်းထား (စီစီ / ဧက) : ၈၀ - ၂၄၀  စီစီ / ဧက။
သုံးစွဲရန်အညွန်း : ဖျက်ပိုးတွေ့ချိန်စတင်အသုံးပြုရန်၊ အများဆုံး (၃) ကြိမ်အသုံးပြုပါ။ ဆေးဖျန်းခြားရက် (၁၀) ရက်။

ကြက်သွန်နီ

ကာကွယ်နှိမ်နှင်းနိုင်သောပိုးများ : ရွက်ထွင်းပိုး။
နှုန်းထား (စီစီ / ဧက) : ၁၆၀ - ၃၂၀  စီစီ / ဧက။
သုံးစွဲရန်အညွန်း : ဖျက်ပိုးတွေ့ချိန်စတင်အသုံးပြုရန်၊ အများဆုံး (၃) ကြိမ်အသုံးပြုပါ။ ဆေးဖျန်းခြားရက် (၁၀) ရက်။