151

လယ်ယာစိုက်ပျိုးရေး နှင့် သီးနှံကာကွယ်ရေး

အကာအကွယ်ဝတ်စုံ(ဖားမားကစ်)

စတီးဝပ်ရှစ် စီမံကိန်း

ပိုးသတ်ဆေး အန္တရာယ်ကင်းစေဖို့ Farmer Kit ကို သုံးကျစို့
၂၀၂၀ ခုနှစ်၊ ဒုတိယနှစ်ဝက်တွင် ဘီအေအက်စ်အက်ဖ် မြန်မာလီမိတက်သည် အသေးစား စီမံချက် စတင်ရန်ရှိသည်။ ထိုစီမံချက်ကို PPE (Personal Protective Equipment) Kits စီမံချက်ဟုလည်းခေါ်သည်။

စီမံကိန်းအဓိကရည်ရွယ်ချက်မှာ
1. ၁။ “ထုတ်ကုန်ကို အန္တရာယ်ကင်းအောင် အသုံးပြုရေးမှာ အပေးအယူမရှိ” ဟူသော ဆောင်ပုဒ်ကို လက်တွေ့ကျင်းသုံးပြီး ရေရှည်တည်တန့်ခိုင်မြဲသော မဟာဗျူဟာကို အသက်ဝင်စေရန်။
2. ၂။ ပိုးသတ်ဆေး အန္တရာယ်ကင်းအောင် အသုံးပြုခြင်းဖြင့် ပတ်ဝန်ကျင်အား မထိခိုက်စေရန်။
3. ၃။ စိုက်ပျိုးရေး အလေ့အထကောင်းများအတွက် အက်ဖ်အေအို ကျင့်ဝတ်စည်းကမ်းများကိုလိုက်နာရန်။

အထက်ပါ ရည်ရွယ်ချက်များအား အကောင်အထည်ဖော်ရန် ဘီအေအက်စ်အက်ဖ် (BML) သည် ပီပီအိကစ် စီမံကိန်း (PPE Kit Project) ၏ ပထမပိုင်း၌ ဘီအေအက်စ်အက်ဖ် ပိုးသတ်ဆေးများဖြန့်ဖြူးသူ Golden Lion High Tech Agricultural Resources Co.Ltd နှင့် တခြားအစိုးရ အဖွဲ့အစည်းများ (သို့မဟုတ်) NGO များမှတဆင့် ပီပီအိကစ် (PPE Kit) အစုံ (၄၈၀) အား စပါး၊ အာလူးနှင့် ခရမ်းချဉ်စိုက် မြန်မာတောင်သူများထံသို့ ပိုးသတ်ဆေးကိုင်တွယ် ဖြန်းပက်စဉ် အသုံးပြုရန် အခမဲ့ ဖြန့်ဖြူးသွားမည် ဖြစ်သည်။ တချိန်တည်း၌ပင် တောင်သူ(၅၂၀)အား ပိုးသတ်ဆေးအား အန္တရာယ်ကင်းစွာအသုံးရန်နှင့် ပိုးသတ်ဆေးအန္တရယ်လျော့ချနိုင်ရန် ပိုးသတ်ဆေးအား ကိုယ်တိုင်အန္တရယ်ကင်း စွာ အသုံးပြုရေး သင်တန်း (Responsible Use Training) အား ဖွင့်လှစ်သွားမည်ဖြစ်သည်။ စီမံကိန်း၏ ဒုတိယပိုင်းတွင် လည်း ပီပီအိကစ် (PPE Kit) အစုံ (၉၆၀) အား တောင်သူများထံသို့ အခမဲ့ဖြန်ဖြူးပြီး သင်တန်းများ ဖွင့်လှစ်သွား မည်ဖြစ်သည်။ စီမံကိန်းအပြီးတွင် တောင်သူများ ပီပီအိကစ် (PPD kit) များ အသုံးပြုခြင်းနှင့် ပိုးသတ်ဆေး အန္တရယ် ကင်းစွာ အသုံးရေး သင်တန်းများကြောင့် ပိုးသတ်ဆေးအား အန္တရာယ်ကင်းစွာ အသုံးပြုသွားနိုင်မည်ဖြစ်သည်။

ဘီအေအက်စ်အက်ဖ် Farmer Kit