လယ်ယာစိုက်ပျိုးရေး နှင့် သီးနှံကာကွယ်ရေး

ပဲတီစိမ်း

မြန်မာနိုင်ငံတွင် ပဲတီစိမ်းကို ပြည်ပသို့တင်ပို့ရောင်းချသည့် အိတ်စ်ပို့ သီးနှံ အဖြစ်စိုက်ပျိုးကြပြီး အန္ဒိယနိုင်ငံနှင့် အခြားသောနိုင်ငံများသို့တင်ပို့ရောင်းချသည့်သီးနှံဖြစ် သောကြောင့် မြန်မာနိုင်ငံ နှင့် တောင်သူများအတွက် အရေးကြီးသောသီးနှံတစ်မျိုးဖြစ်ပါသည်။ ပဲတီစိမ်းကို အဓိကအားဖြင့် မိုးရာသီနှင့်ဆောင်းရာသီတွင်စိုက်ပျိုးပြီး နိုင်ငံခြားဝင်ငွေအများအပြားကို မြန်မာနိုင်ငံအတွက်ရှာဖွေပေးနေသော သီးနှံတစ်မျိုးဖြစ်ပါသည်။ BASF မှပဲတီစိမ်းတောင်သူများအတွက် မျိုးစေ့လူးနယ်ဆေး စတန်းဒက်-တော့ပ် (Standak Top® 500 FS) ကိုဈေးကွက်အတွင်းမိတ်ဆက်ပေးခဲ့ပြီး ဖြစ်ပါသည်။ အခြားသော မှိုသတ်ဆေးများဖြစ်သည့် အော်ပရာ (Opera® 18.3 SE)၊ ကူးမြူးလပ်စ် (Kumulus® 80 DF)၊ ပေါ်လီရမ် (Plyram® 70 DF) မှိုသတ်ဆေးများကိုဈေးကွက်အတွင်း ဖြန့်ချိပေးနိုင်ခဲ့ပါသည်။

ပဲတီစိမ်း တွင်ကျရောက်တတ်သောရောဂါများ

ခါးရိရောဂါ (Damping off disease - Fusarium oxysporum )
ခါးရိရောဂါကြောင့်ပဲပင်များ အပင်ငယ်စဉ်မှာပင် ပင်ခြေပုတ်ခြင်း၊ အမြစ်ပုတ်ခြင်းနှင့်အတူ ပဲတီစိမ်းပင်ငယ်များ ညှိုးခြောက်ပြီးသေသွားလေ့ရှိပါသည်။ ခါးရိရောဂါကျ ရောက်မှုများပြား ပြင်းထန်ပါကတစ်ဧကတွင်ရှိသင့်သော အပင်အရေအတွက်ထက်များစွာလျော့နည်းသွားသောကြောင့် အထွက်နှုန်းကိုသိသာစွာ ကျဆင်းစေသည့် ရောဂါ ဖြစ်ပါသည်။ ပဲတီစိမ်း အပင်ငယ်များတွင် ခါးရိရောဂါကို ကြိုတင်ကာကွယ်ကုသရန် မျိုးစေ့လူးနယ်ဆေးကို အသုံးပြု၍စိုက်ပျိုး ခြင်းသည် ခေါတ်မီသော စိုက်ပျိုးရေးနည်းစနစ်တစ်ခုဖြစ်ပါသည်။ BASF မှထုတ်လုပ်ထားသော စတန်းဒက်-တော့ပ် ( Standak Top® 500 FS) မျိုးစေ့လူးနယ်ဆေးကို ပဲတီစိမ်းတွင်လူးနယ်စိုက်ပျိုးပြီး ခါးရိရောဂါကို ကာကွယ်ကုသနိုင်ပါသည်။

ဆာကိုစပိုးရားရွက်ပြောက်ရောဂါ (Cercospora leaf spot - Cercospora canesens )
ဆာကိုစပိုးရားရွက်ပြောက်ရောဂါသည် ပဲတီစိမ်းတွင် ဆိုးရွားစွာကျရောက်တတ်ပြီး ရောဂါကိုကာကွယ်နှိမ်နှင်းမှု အချိန်မီမလုပ်နိုင်ပါက အထွက်နှုန်းကို သိသိသာသာ လျော့ကျစေသော ရောဂါတစ်မျိုးဖြစ်ပါသည်။ BASF မှထုတ်လုပ်သည့် အော်ပရာ (Opera® 18.3 SE) မှိုသတ်ဆေးသည် ဆာကိုစပိုးရားရွက်ပြောက်ရောဂါကို ကောင်းစွာကာကွယ်ကုသနိုင်သော ပင်လုံးပြန့်မှိုသတ်ဆေးဖြစ်ပါသည်။

ဆက်စပ်ထုတ်ကုန်ပစ္စည်းများ