စပါး
မြန်မာနိုင်ငံတွင် ဆန်စပါးသည်စိုက်ဧကအများဆုံးသီးနှံဖြစ်ပြီး ဧရိယာစုစုပေါင်း ဧက (၁၇) သန်းကျော်စိုက်ပျိုးသောကြောင့် ဆန်စပါးသည်နိုင်ငံတော်၏ အရေးအကြီးဆုံးသီးနှံဖြစ်ပါသည်။ မြန်မာ့လယ်ယာကဏ္ဍတွင် ဆန်စပါးသည်အဓိကကဏ္ဍအနေနဲ့ ရှိနေပြီး စိုက်ပျိုးထုတ်လုပ်မှု၊ ဆန်စပါးအရည်အသွေး တိုးတက်ရန်နှင့် ပြည်ပနိုင်ငံများသို့ရောင်းချ မှုမှာဆက်လက်ပြီးတိုးတက်နေဆဲဖြစ် ပါသည်။ ထို့ကြောင့် ဆန်စပါးသည်မြန်မာနိုင်ငံ၏ စုစုပေါင်းထုတ်ကုန်တန်ဖိုး (GDP) တိုးတက်ရန်နှင့် အလုပ်အကိုင်သစ် များဖန်တီးပေးနိုင်ရေးသည် အရေးအကြီးဆုံး ဖြစ်နေဆဲဖြစ်ပါသည်။ မြန်မာနိုင်ငံ အတွင်းဆန်စပါး စိုက်တောင်သူများ၏ ဝင်ငွေတိုးတက်များပြားလာစေရန် နှင့် စားနပ်ရိက္ခာဖူလုံ ပိုလျှံစေရန်အတွက် BASF Myanmar Ltd. မှမြန်မာနိုင်ငံဈေးကွက်အတွင်းသို့ သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုအနည်းဆုံး၊ ကိုင်တွယ်အသုံးပြုသူများ ဘေးအန္တရာယ်အနည်းဆုံး နှင့် စိုက်ပျိုးရေး ထုတ်ကုန်များတွင် ဓါတုဓါတ်ကြွင်းပါဝင်မှု နည်းစေသောပေါင်းသတ်ဆေးအသစ်များ၊ မှိုသတ်ဆေးအသစ်များကို လာမည့် နှစ်အနည်းငယ်အတွင်း မိတ်ဆက်ပေးတော့မှာဖြစ်ပါသည်။
စပါးတွင်ကျရောက်တတ်သော ပိုးများ
အဝါရောင်ဆစ်ပိုး ( Yellow Stem borer - Scirpophaga incertulas )
စပါးဆစ်ပိုးများသည်စပါးပင်အရွယ်မျိုးစုံတွင်ဖျက်ဆီးနိုင်ပြီး ပျိုးခင်းအရွယ်မှရင့်မှည့်ချိန်ထိကျရောက်ဖျက်ဆီး နိုင်ပါသည်။ အပင်ပွားအများဆုံးထွက်သည့်အချိန်တွင် ကျရောက်ပါကအူပုတ်ခြင်းဖြစ်တတ်ပြီး စပါးခေါင်နှံထွက်ချိန်တွင်ကျရောက်ပါကခေါင်ညွန့်သေခြင်း၊ အနှံဖြူထွက်ခြင်းများကိုတွေ့ရတတ်ပါသည်။ စပါးဆစ်ပိုးများကိုကာကွယ်နှိမ်နှင်းရန် BASF မှထုတ်လုပ်ထားသော အက်ဆန့် ၅၀ အက်စ်စီ (Ascend® 50 SC) ကိုစပါးတွင် ပက်ဖျန်းနိုင်သော ဆေးအဖြစ်အသုံးပြုနိုင်ပြီး၊ ရီးဂျင့် ၃ ဂျီအာ (Regent® 3GR) ပိုးသတ်ဆေးအခဲကို စပါးပင်မစိုက်ပျိုး မီနှင့် စိုက်ပြီးချိန်များတွင် စိုက်ခင်းအတွင်းသို့ ကျဲပက်အသုံးပြုနိုင်ပါသည်။
ဆက်စပ်ထုတ်ကုန်ပစ္စည်းများ