လယ်ယာစိုက်ပျိုးရေး နှင့် သီးနှံကာကွယ်ရေး

မြေပဲ

မြန်မာနိုင်ငံတွင် မြေပဲသီးနှံကိုစားသုံးဆီအဖြစ်တန်ဖိုးထားစားသုံးရုံတင်မက စားဖိုဆောင်၊ စားသောက်ကုန်အမျိုးမျိုးတို့အတွက်အသုံးပြုနေသောဆီထွက်သီးနှံဖြစ်ပါသည်။ ထောင်ပေါင်းများစွာသော မြေပဲစိုက်တောင်သူများသည် မြေပဲကိုအိမ်တွင်းစားသုံးရန်နှင့် ဝင်ငွေကောင်းသော သီးနှံအဖြစ်စိုက်ပျိုးနေကြပါသည်။ မြေပဲအထွက်နှုန်းတိုးရန်နှင့် အရည်အသွေးမြင့်မားသော မြေပဲများထွက်ရှိလာရန် BASF မှနည်းပညာမြင့်ထုတ်ကုန်များ ဖြင့်ကူညီနိုင်ရန် ဆုံးဖြတ်ချက်များချမှတ်ထားခဲ့ပြီးဖြစ်ပါသည်။ မြန်မာနိုင်ငံသည် ကမ္ဘာပေါ်တွင်မြေပဲအများဆုံးထုတ်လုပ်သော (၈) နိုင်ငံအတွင်းပါဝင်နေသည့်အတွက် BASF မှမြေပဲစိုက်တောင်သူများအတွက် အရည်အသွေးမြင့် ထုတ်ကုန်အသစ်များကို ဈေးကွက်တွင်မိတ်ဆက်ပေးခဲ့ပြီးဖြစ်ပါသည်။ စတန်းဒက်-တော့ပ် (Standak Top 500 FS) မျိုးစေ့လူးနယ်ဆေးကိုအရှေ့တောင်အာရှနိုင်ငံများတွင် ဒုတိယမြောက်နိုင်ငံအဖြစ်ဈေးကွက်အတွင်းသို့ ဖြန့်ချိပေးနိုင်ခဲ့ပါသည်။ အခြားထုတ်ကုန် မှိုသတ်ဆေးများဖြစ်သော ကူးမြူးလပ်စ် (Kumulus 80 DF)၊ ပေါ်လီရမ် ၇၀ ဒီအက်ဖ် (Polyram DF) နဲ့ အော်ပရာ ၁၈.၃ အက်စ်အီး (Opera 18.3 SE) မှိုသတ်ဆေးများကို ရွက်ပြောက်ရောဂါ၊ သံချေးရောဂါ၊ မြစ်ခြောက်ဆွေးရောဂါများအတွက် ဈေးကွက်အတွင်းဖြန့်ချိပေးခဲ့ပြီးဖြစ်ပါသည်။

မြေပဲရောဂါများ

မြစ်ခြောက်ဆွေးရောဂါ - Dry root rot (Rhizoctonia bataticola)
မြစ်ခြောက်ဆွေးရောဂါ သည်မြေပဲပင်ငယ်များ တွင်ကျရောက်လေ့ရှိပြီး မြေပြင်အထက်ပင်စည်များတွင်အညိုရောင်အကွက်များဖြစ်ပေါ်ပြီး အပင်ငယ်များ အသေအပျောက်များတတ်သောရောဂါ တစ်မျိုးဖြစ်ပါသည်။ ရောဂါများသည်မြေမှတစ်ဆင့် အမြစ်အတွင်းသို့ကျရောက်သွားရင် လျင်အမြစ်များသေခြင်း၊ အမြစ်များဆွေးခြောက် နေခြင်းကိုတွေ့ရပြီး မြေပဲဖော်ချိန်မှာ မြေပဲတောင့်များပုတ်သွားခြင်း၊ မြေပဲတောင့်များ မြေကြီးအတွင်း မှာကျန်နေတတ်ခြင်း စသည့်အခက်အခဲများကို မြေပဲစိုက်တောင်သူများ ကြုံတွေ့ရင်ဆိုင်ရလေ့ ရှိပါသည်။ စတန်းဒက်-တော့ပ် မျိုးစေ့လူးနယ်းဆေး ( Standak Top® ) ကို အပင်ငယ်အဆင့်မှာ မြစ်ခြောက်ဆွေးရောဂါကိုကာကွယ်ဖို့ မျိုးစေ့လူးနယ်ဆေးအဖြစ် အသုံးပြုဖို့လမ်းညွန်ပေးလိုက်ပါသည်။

မြေပဲစောရွက်ပြောက်ရောဂါ- Early Leaf spot (Mycosphaerella arachidis) နှင့်

မြေပဲနှောင်းရွက်ပြောက်ရောဂါ - Late Leaf Spot (Mycosphaerella berkeleyi)
မြေပဲတွင်ကျရောက်သော ရွက်ပြောက်ရောဂါနှစ်မျိုးလုံးသည် ကမ္ဘာနှင့်အဝန်းမြေပဲစိုက်သည့်နေရာများအားလုံးတွင် ရောဂါကျရောက်မှုပြင်းထန်လေ့ရှိသည့် ရောဂါများဖြစ်ပါသည်။ မြန်မာနိုင်ငံတွင်လည်း မြေပဲစိုက်တောင်သူများအတွက် မြေပဲရွက်ပြောက်ရောဂါများသည် အဓိကရောဂါများဖြစ်နေပြီး ၎င်းရွက်ပြောက်ရောဂါများက အရွက်ပေါ်တွင်အဓိကကျရောက်တတ်သော်လည်း၊ ရိုးတံများ၊ ပင်စည်များပေါ်သို့လည်းကျရောက်လေ့ရှိပြီး နောက်ဆုံးမှာ အရွက်များအားလုံးကြွေကျသွားခြင်းဖြင့် မြေပဲအထွက်နှုန်းကိုများစွာကျဆင်းစေပါသည်။ ရွက်ပြောက် ရောဂါနှစ်မျိုးဖြစ်သော စောရွက်ပြောက်ရောဂါနှင့် နှောင်းရွက်ပြောက်ရောဂါများကို BASF မှထုတ်လုပ်သည့် အော်ပရာ (Opera® 18.3 SE) မှိုသတ်ဆေးကို သုံးစွဲပြီး ကာကွယ်၊ကုသနိုင်ပါသည်။

ဆက်စပ်ထုတ်ကုန်ပစ္စည်းများ