လယ်ယာစိုက်ပျိုးရေး နှင့် သီးနှံကာကွယ်ရေး

ဖိုရမ် ၅၀% ဒဗလျူပီ

ဖိုရမ် ၅၀ ဒဗလျူပီ (Forum® 50 WP) တွင် ဒိုင်မီသိုမော့ ၅၀% (Dimethomorph 50%) ပါဝင်ပြီးဒေါင်းနီးရွက်ခြောက်ရောဂါ၊ နှောင်းပင်နာကျရောဂါနှင့် ဖိုက်သော့ထရာ မှိုကြောင့်ဖြစ်တတ်သော ရောဂါများကို ကာကွယ်၊ကုသနိုင်သည့်ဆေးဖြစ်ပါသည်။ မှိုရောဂါများကိုကာကွယ်၊ကုသရန်ဆေးဖျန်းသည့်အချိန်တွင် အခြားသော ထိသေ ကာကွယ် မှိုသတ်ဆေးများနှင့် တွဲဖက်အသုံးပြုနိုင်သော အကောင်းဆုံးမှိုသတ်ဆေးဖြစ်ပါသည်။

ဖိုရမ် ၅၀% ဒဗလျူပီ

အကျိုးကျေးဇူးများ

  • ကာကွယ်ဆေး၊ ကုသဆေး အနေဖြင့်အသုံးပြုနိုင်ခြင်း။
  • မှိုမျိုးစေ့ ( Spores) များ မဖြစ်ပေါ်အောင်ဟန့်တားပေးနိုင်ခြင်းကြောင့် မှိုရောဂါကျရောက်ပြန့်ပွားမှုကို နည်းစေခြင်း။

ကျွန်ုပ်တို့ကိုဆက်သွယ်ရန်

ပါဝင်သောအဆိပ်(Ai)
Dimethomorph 50% w/w

နှုန်းထား (ဂရမ် / ဧက)
၁၂၀ - ၁၄၀ ဂရမ် / ဧက

အာလူး၊ ခရမ်းချဉ်
ကာကွယ်နှိမ်နှင်းနိုင်သောရောဂါများ  : နှောင်းပင်နာကျ(လောင်မဲ)ရောဂါ။
စပျစ်၊ ဖရဲ၊သခွား၊ သခွားမွှေး၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ
ကာကွယ်နှိမ်နှင်းနိုင်သောရောဂါများ  : ဒေါင်းနီးရွက်ခြောက်ရောဂါ။
ကွမ်း၊ ငရုတ်ကောင်း၊ ဒူးရင်း၊ လိမ္မော်
ကာကွယ်နှိမ်နှင်းနိုင်သောရောဂါများ  : အရွက်ပုတ်ရောဂါ၊ အခေါက်ပုတ်ရောဂါ၊ ပင်စည်ပုတ်ရောဂါ ၊ကိုင်းပုတ်ရောဂါ။
ငရုတ်
ကာကွယ်နှိမ်နှင်းနိုင်သောရောဂါများ   : အသီးပုတ်ရောဂါ၊ နှောင်းပင်နာကျရောဂါ။
ဆေးရွက်ကြီး
ကာကွယ်နှိမ်နှင်းနိုင်သောရောဂါများ   : ပင်ခြေပုတ်ရောဂါ၊ မှိုပြာရောဂါ။
နာနတ်
ကာကွယ်နှိမ်နှင်းနိုင်သောရောဂါများ   : ခေါင်ပုတ်ရောဂါ၊ အမြစ်ပုတ်ရောဂါ။

သုံးစွဲရန်အညွှန်း
- ရောဂါလက္ခဏာစတွေ့သည်နှင့်ဆေးဖျန်းပါ။
- ရောဂါလက္ခဏာများ ဆက်လက်ရှိနေသေးပါက (၁၀ - ၁၄) ရက်ခြားတစ်ကြိမ် ဆက်လက်ဖျန်းပါ။
- သီးနှံတစ်ရာသီအတွင်းအများဆုံး (၃) ကြိမ်ထက်ပိုမဖျန်းရ။
- ဆေးဖျန်းပြီးပြန်လည်ဝင်ရောက်နိုင်သောကာလ - အနည်းဆုံး(၂၄) နာရီ။

ဆက်စပ်ထုတ်ကုန်ပစ္စည်းများ