ပါလစ် ၁၀ အက်စ်စီ (Palit® 10 SC) တွင် ကလိုရိုဖီနပြာ အဆိပ် ၁၀၀ ဂရမ်/ လီတာ (Chlorfenapyr100 g/L) ပါဝင်ပြီး ပိုးကိုတိုက်ခိုက်သည့်ပုံစံ့ (Mode of action) ၏ထူးခြားမှုကြောင့် ဖျက်ပိုးများကို တာရှည်စွာ ကာကွယ်ပေးနိုင်သည့်ဆေးဖြစ်ပါသည်။ ဆေးတစ်မျိုးတည်းဖြင့် ငမြောင်တောင်၊ လှေးပိုး၊ ရွက်ထွင်းပိုး များကို နှိမ်နှင်းနိုင်ပါသည်။ ဆေးဂန္ဓမာအုပ်စု ( Pyrithroid)၊ အော်ဂန်နိုဖော့စ်စဖိတ် (Organophosphate)၊ နှင့် ကာဘာမိတ် (Carbamate) ဆေးအုပ်စုများကိုခံနိုင်ရည်ရှိသော ပိုးများကိုလည်း လွယ်ကူစွာနှိမ်နှင်းနိုင်သည့်ဆေးဖြစ်ပါသည်။
အကျိုးကျေးဇူးများ
- ဆေးတစ်မျိုးတည်းနှင့်ပိုးလေးမျိုးလုံးကို နှိမ်နှင်းနိုင်ခြင်း။ (ငမြောင်တောင်၊ ဖောငမြောင်တောင်၊ လှေးပိုး၊ ပင်ဖြတ်ပိုး၊ စိန်ကွက်ဖလံ)။
- ဆေးအာနိသင် ကြာရှည်ခြင်းကြောင့် ပိုးကင်းစင်သည့်ရက်များပြီး ကုန်ကျစားရိတ် သက်သာခြင်း။
ကျွန်ုပ်တို့ကိုဆက်သွယ်ရန်
ပါဝင်သောအဆိပ်(Ai)
Chlorfenapyr 10% SC
- ဂေါ်ဖီထုတ်
- ကာကွယ်နှိမ်နှင်းနိုင်သောပိုးများ : စိန်ကွက်ဖလံ
နှုန်းထား (စီစီ / ဧက) : ၄၀၀ - ၅၀၀ စီစီ / ဧက
- ကိုက်လန်၊ ခရမ်းချဉ်
- ကာကွယ်နှိမ်နှင်းနိုင်သောပိုးများ : ပင်ဖြတ်ပိုး၊ ငမြောင်တောင်
နှုန်းထား (စီစီ / ဧက) : ၂၀၀ - ၄၀၀ စီစီ / ဧက
- ဥစားကြက်သွန်
- ကာကွယ်နှိမ်နှင်းနိုင်သောပိုးများ : ပင်ဖြတ်ပိုး
နှုန်းထား (စီစီ / ဧက) : ၄၀၀ - ၆၀၀ စီစီ / ဧက
- ငရုတ်၊ မြိတ်စားကြက်သွန်
- ကာကွယ်နှိမ်နှင်းနိုင်သောပိုးများ : လှေးပိုး
နှုန်းထား (စီစီ / ဧက) : ၄၀၀ - ၅၀၀ စီစီ / ဧက
သုံးစွဲရန်အညွန်း
- ဖျက်ပိုးများ စတွေ့သည့်အချိန်ဆေးဖျန်းပါ။
- ပိုးကျရောက်မှုဆိုးရွားပါက ၅ ရက်ခြားတစ်ကြိမ် (သို့မဟုတ်) နှစ်ကြိမ်ဖျန်းပါ။
- သီးနှံတစ်ရာသီအတွင်းအများဆုံး (၃) ကြိမ်ထက်ပိုမဖျန်းရ။
- ဆေးဖျန်းပြီး ခူးဆွတ်ရိတ်သိမ်းရန်စောင့်ရမည့်ရက် - (၇) ရက်။
ဆက်စပ်ထုတ်ကုန်ပစ္စည်းများ